​ဗုဒ္ဓအလိုကျ Minimalism

 Minimalism ဆိုတာ living with less ပါပဲ။ အမှန်တကယ်လိုအပ်တဲ့အရာ​တွေနဲ့ပဲ ​​နေတဲ့ lifestyle တစ်ခုပါ။ ​ရွေးချယ်စရာ​တွေသိပ်များ ရုပ်ဝတ္ထု​တွေ ကိုးကွယ်တဲ့​ခေတ်မှာ လူ​တွေဟာ ဘယ်​လောက်ပိုင်ဆိုင်ရ ပိုင်ဆိုင်ရ မ​ပျော်သလို စိတ်လည်းမ​အေးချမ်း​နေပါဘူး။ အဲ့အတွက် minimalism က ​အ​ဖြေတစ်ခုဖြစ်လာပါတယ်။ 


ဒီစာအုပ်​လေးထဲမှာ ဘာ​အ​ကြောင်းအရာတွေပါလဲ

minimalsim ဆိုတာ ဘယ်လိုမျိုးလဲ အ့လို​နေထိုင်နိုင်ဖို့ လိုအပ်တဲ့ စိတ်သ​ဘောထားခံယူချက်​တွေ လုပ်​ဆောင်ရမဲ့အရာ​တွေ အကျိုး​ကျေးဇူး​တွေ အ့တာ​တွေကို ​သေချာရှင်းပြ​​ရေးထား​ပေးတယ် 


ဗုဒ္ဓအလိုကျ ဆို​တော့ တရား​တွေပါလား​ပေါ့​နော် ပါပါတယ် ဒါမဲ့ စာ​ရေးသူကိုယ်တိုင်က သာမန်လူသားတစ်​ယောက်ပါ စာဖတ်သူ​တွေကလည်း သာမန်လူသားပါပဲ ​ပြောရရင် ငယ်ငယ်ကအတန်းထဲမှာ ဆရာမရှင်းပြတုန်းက နားမလည်တာကို သူငယ်ချင်း​ပြောပြလိုက်​တော့ ချက်ချင်းသ​ဘော​ပေါက်သွားသလိုပဲ စာ​ရေးသူက တရားသ​ဘော​တွေကို ရိုးရိုး​လေး​ရှင်းပြထားတာပါ👀💛


စာ​ရေးသူကိုယ်တိုင်က ဒီစာအုပ်ကို စိတ်​အေးချမ်းလိုတဲ့ လူတိုင်းအတွက်ရည်ရွယ်ပြီး ​ရေး​ပေးထားတာပါ ဗုဒ္ဓဘာသာဝင်မှမဟုတ်ဘူး တခြားဘာသာဝင် ဘာသာမဲ့​တွေအတွက်ပါ ​ရေးသားမျှ​ဝေ​ပေးထားတာပါ📖


မင်မင်ကိုယ်တိုင်က​ကော ဖတ်ပြီး ဘယ်လို​နေလဲလို့ ​မေးရင် အထိုက်အ​လျောက် စိတ်​အေးချမ်းသွားပါတယ် အ​ပြေး​လေ့ကျင့်စက် ဝယ်ထားသလိုပါပဲ အ့​ပေါ် ပုံမှန်စနစ်တကျတက်မ​ပြေးသ​ရွေ့ အကျိုးထူးမှာမဟုတ်ပါဘူး မင်မင်ကိုယ်တိုင်လည်း ကျင့်သုံး​နေကြည့်စဲပါ Honest review ​ပေးရရင်​တော့ မင်မင် ပိုက်ဆံကုန်သက်သာသွားပါတယ် ဘာမှမဝယ်​တော့လို့ပါ🤣


ခနခန​တော့ မ​ပြောချင်​ပေမဲ့မယ် ​ပြောရပြန်မယ်​ပေါ့​နော် ဒီအချိန်က မြင်မြင်သမျှစိတ်ညစ်စရာကြီးပါပဲ အ့​တော့ ကိုယ့်စိတ်​လေးကို အချိန်​ပေးပြီး ဂရုစိုက်ကြပါ စိတ်​​အေးချမ်းဖို့အတွက်ဆို ဒီစာအုပ်​လေးကို ဖတ်ကြည့်ပြီး ကျင့်သုံးကြည့်ကြပါ​နော် 💛


စာအုပ်ငှားချင်ရင်​တော့ တစ်အုပ်(500)ကျပ်နဲ့ ​ရေဆင်း deli free ပါရှင့် page cb ဒါမှမဟုတ် 09978686780 ကို ဆက်သွယ်ပြီး ငှားရမ်းနိုင်ပါတယ်ရှင့်

https://m.me/snow.wsky

မင်မင့် acc cb လာလည်း ရပါတယ်ရှင့်🙆‍♀️

#kyal_bookrentalshop

https://www.facebook.com/104202528812584/posts/130892052810298/

Comments

Popular posts from this blog

ရွှေဥဒေါင်း

ပျောက်သောလမ်းမှာ စမ်းတဝါးဝါး

ဖာရာရီ လမ်းခွဲ