Posts

Showing posts from March, 2022

Favourite collection (2) my admin

 မင်မင်သ​ဘောကျမိတဲ့ စာအုပ်​လေး​တွေ  ယူတို့ကို ပြန်လည်မျှ​ဝေတာပါ👀💛 မင်မင်က လက်​တွေ့ကျတဲ့ ဝတ္ထုမျိုး​တွေ စိတ်​ခွန်အား​ပေးတဲ့ စာအုပ်မျိုး​တွေ ဖတ်ရတာသ​ဘောကျပါတယ်။ လက်​တွေ့ကျတဲ့ ဝတ္ထု​တွေထဲမှာ ဘာကိုသ​ဘောကျတာလဲဆို​တော့ ဇာတ်​ကောင်​တွေက စိတ်ကူးယဥ်မဆန်​နေဘဲ မှန်ကန်တဲ့ဆုံးဖြတ်ချ​တွေချတဲ့ အပိုင်းကိုသ​ဘောကျတာပါ။ အမှန်တရား​ဆို​တော့ တချို့ဟာ​တွေက နဲနဲ​တော့ခါး​တာ​ပေါ့။ ဒါမဲ့ အ့တာ​တွေက မင်မင့်ကို လက်​တွေ့ဘဝမှာ ​တစ်ခုခုဆုံးဖြတ်ဖို့ သိပ်ပြီးတွေ​ဝေ​​မ​နေ​အောင် တွန်းအား​ပေးနိုင်တယ်​ပေါ့​နော်🐾🤎 စိတ်ခွန်အား​ပေးတဲ့ စာအုပ်​တွေကိုကျ အခုပိုဖတ်ဖြစ်လာတယ်။ ​ပြောရရင် စာကြမ်းပိုးမင်မင် ​ကျောင်းမတက်ရတာ ၂ နှစ်​လောက်ဆို​တော့ စိတ်အ​တော်ကျပါတယ်။ ​အစကတည်း ​ကျောင်း​ပျော်တဲ့သူဆို​တော့ အ​တော်ခံရခက်ပါတယ်။ ဒါမဲ့လည်း အမြဲစိတ်ဓါတ်ကျ​နေလို့မှမရတာ အ့​တော့ ကိုယ့်ကိုကိုယ်အား​ပေးရတာ​ပေါ့။ အဲ့အတွက်​ကြောင့်မို့ ဒီအ​တောအတွင်း စိတ်​ခွန်အား​ပေးတဲ့ စိတ်​အေးချမ်း​စေတဲ့ စာအုပ်​လေး​တွေဖတ်ပြီး အားယူရတာ​ပေါ့📖💛 ယူတို့လည်း စာအုပ်​​လေး​တွေဖတ်ပြီး ဘဝကိုဖြတ်သန်းကြည့်ပါ။ အရင်ကထက် ဘဝက ပိုအဓိပ္ပါယ်ရှိလာပါလိမ့်မယ်🍀 Deli dayက မနက်ဖြန်မို့...

​ဗုဒ္ဓအလိုကျ Minimalism

 Minimalism ဆိုတာ living with less ပါပဲ။ အမှန်တကယ်လိုအပ်တဲ့အရာ​တွေနဲ့ပဲ ​​နေတဲ့ lifestyle တစ်ခုပါ။ ​ရွေးချယ်စရာ​တွေသိပ်များ ရုပ်ဝတ္ထု​တွေ ကိုးကွယ်တဲ့​ခေတ်မှာ လူ​တွေဟာ ဘယ်​လောက်ပိုင်ဆိုင်ရ ပိုင်ဆိုင်ရ မ​ပျော်သလို စိတ်လည်းမ​အေးချမ်း​နေပါဘူး။ အဲ့အတွက် minimalism က ​အ​ဖြေတစ်ခုဖြစ်လာပါတယ်။  ဒီစာအုပ်​လေးထဲမှာ ဘာ​အ​ကြောင်းအရာတွေပါလဲ minimalsim ဆိုတာ ဘယ်လိုမျိုးလဲ အ့လို​နေထိုင်နိုင်ဖို့ လိုအပ်တဲ့ စိတ်သ​ဘောထားခံယူချက်​တွေ လုပ်​ဆောင်ရမဲ့အရာ​တွေ အကျိုး​ကျေးဇူး​တွေ အ့တာ​တွေကို ​သေချာရှင်းပြ​​ရေးထား​ပေးတယ်  ဗုဒ္ဓအလိုကျ ဆို​တော့ တရား​တွေပါလား​ပေါ့​နော် ပါပါတယ် ဒါမဲ့ စာ​ရေးသူကိုယ်တိုင်က သာမန်လူသားတစ်​ယောက်ပါ စာဖတ်သူ​တွေကလည်း သာမန်လူသားပါပဲ ​ပြောရရင် ငယ်ငယ်ကအတန်းထဲမှာ ဆရာမရှင်းပြတုန်းက နားမလည်တာကို သူငယ်ချင်း​ပြောပြလိုက်​တော့ ချက်ချင်းသ​ဘော​ပေါက်သွားသလိုပဲ စာ​ရေးသူက တရားသ​ဘော​တွေကို ရိုးရိုး​လေး​ရှင်းပြထားတာပါ👀💛 စာ​ရေးသူကိုယ်တိုင်က ဒီစာအုပ်ကို စိတ်​အေးချမ်းလိုတဲ့ လူတိုင်းအတွက်ရည်ရွယ်ပြီး ​ရေး​ပေးထားတာပါ ဗုဒ္ဓဘာသာဝင်မှမဟုတ်ဘူး တခြားဘာသာဝင် ဘာသာမဲ့​တွေအတွက်ပါ ​ရေးသားမျှ​ဝေ​ပေးထားတာပါ📖 မ...

အကြည်ဓာတ်ရစေမဲ့စာအုပ်များ

 အကြည်ဓါတ်​လေး ရ​​စေမဲ့ စာအုပ်​လေး​တွေ🍂 လူ​တွေက ရုပ်နဲ့နာမ် တွဲပြီးအသက်ရှင်​နေကြတယ် များ​သောအားဖြင့် မင်မင်တို့တ​တွေက ရုပ်ကိုပဲ ကျန်းမာ​အောင် လှပ​အောင် ဂရုစိုက်ကြတယ် တကယ်​တော့ စိတ်က​လေးကိုလည်း ဂရုစိုက်မှ အကြည်ဓါတ်​လေးရပြီး ​​ဘဝမှာ ရှင်သန်​နေရတာ ​အေးချမ်း​နေမှာပါ💛 စိတ်​က​လေးအ​​ကြောင်းသိဖို့ စိတ်က​လေးကို ဂရုစိုက်တတ်ဖို့အတွက် ​အောက်ကစာအုပ်​လေး​တွေက လမ်းပြ​ပေးပါလိမ့်မယ်✨ စာအုပ်​လေး​တွေကို တစ်အုပ်(500)ကျပ်နှုန်း ​ရေဆင်း deli free ဖြင့် ငှားရမ်းနိုင်ပါတယ်​နော် ​သောကြာ​နေ့တိုင်း deli ပို့​ပေးပါတယ် အိမ်လာ​ရွေးချင်လည်း ရပါတယ်ရှင့်🙆‍♀️ Page cb ဒါမှမဟုတ် 09 978686780 ကိုဆက်သွယ်ငှားရမ်းနိုင်ပါတယ်ရှင့် P.s. ​​ဒေါက်တာဖြိုးသီဟရဲ့ ​နောက်ဆုံးအသစ်ထွက်ထားတဲ့ ဗုဒ္ဓအလိုကျ minimalism ​လေးလည်း ငှားလို့ရပါတယ်​နော်💗 #kyal_bookrentalshop https://www.facebook.com/104202528812584/posts/129251386307698/

သမိုင်းထဲက တော်လှန်ရေးနှင့် စစ်ပွဲ

 တော်လှန်​ရေး စစ်ပွဲ...။ ဒါ​တွေက နိုင်ငံတစ်နိုင်ငံရဲ့ အ​ပြောင်းအလဲ​ကာလ​တွေပါပဲ။ ​ကောင်းလားဆို​တော့ ​ကောင်းလည်း​ကောင်းလာနိုင်သလို ဆိုးလည်းဆိုးသွားနိုင်တယ်။ သမိုင်းထဲက ​တော်လှန်​ရေး​​တွေ စစ်ပွဲ​တွေ အ့ကအကျိုးရလဒ်​တွေ အ့လိုအ​ကြောင်း​တွေပါတဲ့ စာအုပ်​တွေကို မင်မင်ကစုစည်း​ပေးထားတာပါ👀💛 ဒီရက်ပိုင်း​တွေမှာ ​တော်လှန်​ရေးနဲ့ စစ်ပွဲ​တွေအ​ကြောင်း မ​တွေးမိတဲ့​နေ့မရှိသ​​လောက်ပါပဲ။ ​ပေးဆပ်ရတာ​တွေကလည်း အရမ်းများပါတယ်။ ပြန်ရမှာက တန်ဖိုးကြီးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်မင်တို့ဘဝမှာ ကြုံ​တွေ့​နေရတာ​တွေက တခြားသူ​တွေကြုံ​တွေ့ဖူးပြီးသားချည်းပါပဲ။ ​အ့တာ​တွေကဘယ်မှာရှိလဲဆို​တော့ သမိုင်းထဲမှာ​ပေါ့​နော်။ အ့​တော့က တခြားသူ​တွေက ဘယ်လိုကြုံ​တွေ့ခံစား​ကျော်ဖြတ်ခဲ့လဲ ဆိုတာ သမိုင်းထဲမှာ ပြန်ရှာကြည့်ရင်း သင်ခန်းစာယူ ကြတာ​ပေါ့📖💛 စာအုပ်ငှားမယ်ဆိုရင်​တော့ cb ကိုလာခဲ့ပါ​​နော် admin is waiting for u<3 P.s. ကိုရီးယားစစ်နဲ့ နပိုလီယန်စာအုပ်က မြန်မာ-အင်္ဂလိပ် နှစ်ဘာသာလုံးနဲ့ ​ရေးထားတာပါတာပါရှင့် #kyal_bookrentalshop https://www.facebook.com/104202528812584/posts/127636143135889/

English book Collections

 အင်္ဂလိပ်စာ reading ပိုင်းတိုးတက်ချင်သူ​တွေ အင်္ဂလိပ်စာ​ပေကို စိတ်ဝင်စားသူ​တွေအတွက် English books collection ​လေးပါ💛 ဝတ္ထု​စာအုပ်​တွေရယ် ပုံပြင်စာအုပ်​တွေရယ်ပါ။ ဖတ်ရတာအရမ်းမခက်ခဲတဲ့စာအုပ်​လေး​တွေလည်းပါပါတယ်။ စာအုပ်အ​ကြောင်း ပတ်သက်ပြီး​မေးချင်တာရှိရင် အားမနာတမ်း လာ​မေးလို့ရပါတယ်။ မင်မင်သိသ​လောက် ​ဖြေ​ပေးပါ့မယ်🙆‍♀️ ​​နောက်ဆုံးပုံက model က မင်မင်တို့ photoshooting လိုက်ရှုပ်တဲ့ အရှုပ်ထုပ်​လေးပါ😆❣ တစ်အုပ်ကို (500)ကျပ်နှုန်း ​ရေဆင်း deli free ဖြင့် ငှားရမ်းနိုင်ပါတယ်ရှင့် မနက်ဖြန်က deli ပို့ရက်ပါရှင့်👀💛 Page wall ထဲမှာ စာအုပ်​ရွေးပြီး အခုပဲလာငှားလိုက်​နော်🏃‍♀️🏃‍♂️ #kyal_bookrentalshop https://www.facebook.com/104202528812584/posts/125901473309356/