Favourite collection (2) my admin
မင်မင်သဘောကျမိတဲ့ စာအုပ်လေးတွေ ယူတို့ကို ပြန်လည်မျှဝေတာပါ👀💛
မင်မင်က လက်တွေ့ကျတဲ့ ဝတ္ထုမျိုးတွေ စိတ်ခွန်အားပေးတဲ့ စာအုပ်မျိုးတွေ ဖတ်ရတာသဘောကျပါတယ်။
လက်တွေ့ကျတဲ့ ဝတ္ထုတွေထဲမှာ ဘာကိုသဘောကျတာလဲဆိုတော့ ဇာတ်ကောင်တွေက စိတ်ကူးယဥ်မဆန်နေဘဲ မှန်ကန်တဲ့ဆုံးဖြတ်ချတွေချတဲ့ အပိုင်းကိုသဘောကျတာပါ။ အမှန်တရားဆိုတော့ တချို့ဟာတွေက နဲနဲတော့ခါးတာပေါ့။ ဒါမဲ့ အ့တာတွေက မင်မင့်ကို လက်တွေ့ဘဝမှာ တစ်ခုခုဆုံးဖြတ်ဖို့ သိပ်ပြီးတွေဝေမနေအောင် တွန်းအားပေးနိုင်တယ်ပေါ့နော်🐾🤎
စိတ်ခွန်အားပေးတဲ့ စာအုပ်တွေကိုကျ အခုပိုဖတ်ဖြစ်လာတယ်။ ပြောရရင် စာကြမ်းပိုးမင်မင် ကျောင်းမတက်ရတာ ၂ နှစ်လောက်ဆိုတော့ စိတ်အတော်ကျပါတယ်။ အစကတည်း ကျောင်းပျော်တဲ့သူဆိုတော့ အတော်ခံရခက်ပါတယ်။ ဒါမဲ့လည်း အမြဲစိတ်ဓါတ်ကျနေလို့မှမရတာ အ့တော့ ကိုယ့်ကိုကိုယ်အားပေးရတာပေါ့။ အဲ့အတွက်ကြောင့်မို့ ဒီအတောအတွင်း စိတ်ခွန်အားပေးတဲ့ စိတ်အေးချမ်းစေတဲ့ စာအုပ်လေးတွေဖတ်ပြီး အားယူရတာပေါ့📖💛
ယူတို့လည်း စာအုပ်လေးတွေဖတ်ပြီး ဘဝကိုဖြတ်သန်းကြည့်ပါ။ အရင်ကထက် ဘဝက ပိုအဓိပ္ပါယ်ရှိလာပါလိမ့်မယ်🍀
Deli dayက မနက်ဖြန်မို့ အမြန်လာငှားလှည့်နော်။ စာအုပ်လေးတွေက တစ်အုပ်ကို (500)ကျပ်နှုန်း ရေဆင်း deli free ပါ။
Page cb ဒါမှမဟုတ် 09978686780 ကို ဆက်သွယ်ပြီး ငှားရမ်းနိုင်ပါတယ်ရှင့်။ https://m.me/snow.wsky မင်မင့် acc cb လာလည်း ရပါတယ်ရှင့်🙆♀️
#kyal_bookrentalshop
https://www.facebook.com/104202528812584/posts/131660436066793/
Comments
Post a Comment