ဖာရာရီ လမ်းခွဲ
ဘဝက ကိုယ်ဖြစ်ချင်တိုင်းမဖြစ်ဘဲ သူဖြစ်ချင်တိုင်းဖြစ်နေတယ် တစ်ခါတစ်လေကျလည်း ဖြစ်ချင်တဲ့နောက်လိုက်ရင်း ကြိုးစားရင်းပဲ လမ်းတွေပျောက်သွားတယ် စိတ်ဆင်းရဲတာတွေပဲကြုံနေရတယ် ရုန်းထွက်မရဖြစ်သွားတယ်။နောက်ဆုံးမှာ ကံမကောင်းလို့ အခွင့်မသာလို့လို့ ဖြေသိမ့်လိုက်တယ်။🥀
တကယ်တော့ "လူတစ်ယောက်တွေးတဲ့အတွေးက သူ့လုပ်ရပ်ပေါ်လွှမ်းမိုးမှုရှိတယ်။လုပ်ရပ်တွေက အလေ့အကျင့်ဖြစ်လာတယ်။ အလေ့အကျင့်တွေက အကျင့်စရိုက်ဖြစ်လာတယ်။ အကျင့်စရိုက်တွေက အဲဒီ့လူရဲ့ ကံကြမ္မာကို ပုံဖော်ပေးတယ်"
"အတွေးဆိုတာ ဒီအတိုင်းဖြစ်လာတာပဲလေဆိုပြီး လွှတ်ထားကြတယ်။ သူတို့မသိတဲ့အချက်က အတွေးကို လူကမထိန်းချုပ်ရင် အတွေးကလူကို ထိန်းချုပ်သွားတယ်ဆိုတာပဲ။ ကောင်းတဲ့အတွေးတွေကိုတွေးပြီး မကောင်းတဲ့အတွေးတွေကို စိတ်ထဲကမောင်းထုတ်တတ်သွားရင် မကောင်းတဲ့အတွေးတွေ ပျောက်ကွယ်သွားလိမ့်မယ်"
"ဒါပေမဲ့ အဲ့ဒီလိုလုပ်ဖို့ ဆိုတာ စိတ်စွမ်းအားလိုတယ်။ စိတ်စွမ်းအားဆိုတာ ဖြည်းဖြည်းချင်း လေ့ကျင့်ယူရတယ်။ မင်းရဲ့အတွေးကို ထိန်းချုပ်နိုင်ရင် မင်းရဲ့စိတ်ကို ထိန်းချုပ်နိုင်တာပဲ။ မင်းရဲ့စိတ်ကို ထိန်းချုပ်နိုင်ရင် မင်းရဲ့ဘဝကို ထိန်းချုပ်နိုင်ပြီ။ မင်းရဲ့ဘဝကို ထိန်းချုပ်နိုင်ရင် မင်းရဲ့ကံကြမ္မာကိုလည်း ထိန်းချုပ်နိုင်သွားလိမ့်မယ်"
ကံကြမ္မာကို ပြောင်းလဲနိုင်မဲ့ နည်းလမ်းတွေကိုတော့ ဆရာမိုးရှင်း(I.M.T)ရဲ့ "ဖာရာရီလမ်းခွဲ"ဆိုတဲ့ စာအုပ်လေးထဲမှာ ရှာဖွေလိုက်ပါနော်။ ၁၉၉၇ ခုနှစ်မှာထုတ်ဝေခဲ့ပြီး သန်းနဲ့ချီရောင်းချခံခဲ့ရတဲ့ Robin Sharma ရေးသားထားသော The Monk Who Sold His Ferrari ဆိုတဲ့ စာအုပ်လေးကို ဘာသာပြန်ထားတာပါ။
Robin Sharma ဟာ ကမ္ဘာပေါ်တွင် အထင်ရှားဆုံးအောင်မြင်ရေးဟောပြောသူ ငါးဦးထဲက တစ်ဦးအဖြစ် သတ်မှတ်ထားခြင်းခံရသူဖြစ်ပါတယ်။ ဆရာမိုးရှင်း(I.M.T)ကလည်း ဘာသာပြန်စာရေးဆရာကောင်း တစ်ယောက်ဖြစ်ပါတယ်။ မင်မင်ကတော့ ဆရာဘာသာပြန်သမျှ စာအုပ်တိုင်း သဘောကျပါတယ်။🙆♀️
စာအုပ်လေးကိုဖတ်ရင် စာရေးသူအမှာစာကို အရင်ဖတ်ပါ။ ပြီးဆုံးသည်အထိဖတ်ပါ။ စာအုပ်ထဲက နည်းလမ်းတွေကို ကိုယ့်ဘဝနဲ့အဆင်ပြေမဲ့ပုံစံအဖြစ် ညှိယူပြီး ကျင့်သုံးပါ။ ရလဒ်ကို စောင့်ကြည့်ပါ။ ပြီးမှ စာအုပ်လေးကို ဝေဖန်လိုက်ပါ။👀💛
မင်မင်အတွက်ကတော့ ဝမ်းနည်းပြီစိတ်ဓါတ်ကျနေလို့ ထိုင်ငိုနေတဲ့ ညမှာ ဖတ်လိုက်ရတဲ့အတွက် လမ်းပြကြယ်လေးတွေ့လိုက်ရသလိုပါပဲ✨🤍
Page cbကို စာပို့၍ သို့မဟုတ် 09978686780ကို ဖုန်းဆက်၍ စာအုပ်လေးတွေငှားရမ်းနိုင်ပါတယ်နော်💗
P.s. "..." စာတွေဟာ စာအုပ်ထဲကစာပိုဒ်များကူးယူဖော်ပြထားတာပါနော်
Comments
Post a Comment