Favourite collection (2) my admin
မင်မင်သဘောကျမိတဲ့ စာအုပ်လေးတွေ ယူတို့ကို ပြန်လည်မျှဝေတာပါ👀💛 မင်မင်က လက်တွေ့ကျတဲ့ ဝတ္ထုမျိုးတွေ စိတ်ခွန်အားပေးတဲ့ စာအုပ်မျိုးတွေ ဖတ်ရတာသဘောကျပါတယ်။ လက်တွေ့ကျတဲ့ ဝတ္ထုတွေထဲမှာ ဘာကိုသဘောကျတာလဲဆိုတော့ ဇာတ်ကောင်တွေက စိတ်ကူးယဥ်မဆန်နေဘဲ မှန်ကန်တဲ့ဆုံးဖြတ်ချတွေချတဲ့ အပိုင်းကိုသဘောကျတာပါ။ အမှန်တရားဆိုတော့ တချို့ဟာတွေက နဲနဲတော့ခါးတာပေါ့။ ဒါမဲ့ အ့တာတွေက မင်မင့်ကို လက်တွေ့ဘဝမှာ တစ်ခုခုဆုံးဖြတ်ဖို့ သိပ်ပြီးတွေဝေမနေအောင် တွန်းအားပေးနိုင်တယ်ပေါ့နော်🐾🤎 စိတ်ခွန်အားပေးတဲ့ စာအုပ်တွေကိုကျ အခုပိုဖတ်ဖြစ်လာတယ်။ ပြောရရင် စာကြမ်းပိုးမင်မင် ကျောင်းမတက်ရတာ ၂ နှစ်လောက်ဆိုတော့ စိတ်အတော်ကျပါတယ်။ အစကတည်း ကျောင်းပျော်တဲ့သူဆိုတော့ အတော်ခံရခက်ပါတယ်။ ဒါမဲ့လည်း အမြဲစိတ်ဓါတ်ကျနေလို့မှမရတာ အ့တော့ ကိုယ့်ကိုကိုယ်အားပေးရတာပေါ့။ အဲ့အတွက်ကြောင့်မို့ ဒီအတောအတွင်း စိတ်ခွန်အားပေးတဲ့ စိတ်အေးချမ်းစေတဲ့ စာအုပ်လေးတွေဖတ်ပြီး အားယူရတာပေါ့📖💛 ယူတို့လည်း စာအုပ်လေးတွေဖတ်ပြီး ဘဝကိုဖြတ်သန်းကြည့်ပါ။ အရင်ကထက် ဘဝက ပိုအဓိပ္ပါယ်ရှိလာပါလိမ့်မယ်🍀 Deli dayက မနက်ဖြန်မို့...