How to build reading habit simple tips
စာအုပ်ဖတ်ချင်တယ် ဒါမဲ့ အချိန်မရှိဘူး စာဖတ်တဲ့အကျင့်မရှိဘူး စာဖတ်တာကအကျိုးရှိမှန်းတော့ သိတော့ အ့အကျိုးတွေတော့ရချင်သား
အ့လိုလူတွေအတွက် ဒီနေ့ မင်မင်က စာဖတ်တဲ့အလေ့အကျင့်ကို ပြုစုပျိုးထောင်ဖို့ simple tips လေးတွေ မျှဝေပေးပါ့မယ်🙆♀️
စာအုပ်လေးတွေက တကယ်တော့ ဖတ်ကြည့်လေလေ ပိုသဘောကျလေလေပါပဲ စာအုပ်လေးတွေဖတ်နေတုန်း စျာန်ဝင်ပြီး စိတ်ကအေးချမ်းနေတာ တစ်ခါတစ်လေကျလည်း စာရေးသူခေါ်ဆောင်ရာ ဇာတ်လမ်းနောက်ကို စီးမြောသွားရော အ့feeling လေးတွေက စာအုပ်တကယ်ဖတ်ကြည့်မှ သိတာနော် မင်မင်ပြောတာမယုံရင် ဖတ်ကြည့်👀💛
စာဖတ်တဲ့အလေ့အကျင့်ကောင်းလေးကို ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ အောက်ကပုံလေးတွေမှာ ဆက်ဖတ်ကြည့်နော်🙋♀️💗
Tip 1 :Start with your interest
စိတ်ဝင်စားရာ...။ ဘယ်လိုစာပေမျိုးကို အလွယ်တကူ စိတ်ဝင်စား စျာန်ဝင်ပြီး ဖတ်နိုင်လဲ ကာတွန်း ရုပ်ပြ ပုံပြင် ဝတ္ထုတို ဝတ္ထုရှည် ဆောင်းပါး အက်ဆေး ကဗျာ စတဲ့ အမျိုးမျိုးရှိတယ်ပေါ့ အဲ့လိုထဲက ကိုယ့်အတွက် ဖတ်ရတာ မခက်ခဲတဲ့စာပေမျိုး စတင်ရွေးချယ်ဖတ်ပါ
ဖတ်လေ့ဖတ်ထမရှိတတ်တဲ့ ခက်ခဲတဲ့စာပေတွေက ကိုယ့်ကိုပျင်းသွားစေတယ် နောက်ထပ် စာအုပ်ကို မကိုင်ချင်လောက်အောင်ဖြစ်သွားတတ်တယ် အဲ့တော့ကြ ကိုယ့်အတွက် ပေါ့ပေါ့ပါးပါးဖြစ်မဲ့စာအုပ်မျိုးကို ရွေးချယ်ဖတ်ပါ
မင်မင်က စစဖတ်တုန်းက ရွှေသွေး သုတစွယ်စုံ ကာတွန်း ပုံပြင် အ့လိုတွေစဖတ်ဖြစ်တယ် ကလေးတုန်းကပေါ့နော် တစ်ခါတစ်လေ အလုပ်တွေတအားရှုပ်ပြီး စာမဖတ်တာကြာလို့ ပြန်ဖတ်တဲ့အခါကြ ဝတ္ထုတိုလေးတွေ ကိုယ်ကြိုက်တဲ့ဝတ္ထုစာအုပ်လေးတွေကို ပြန်စဖတ်ဖြစ်ပါတယ်
ယူတို့လည်း ကိုယ့်အတွက် သက်တောင့်သက်တာဖြစ်မဲ့ ကိုယ်စိတ်ဝင်စားရာ စာအုပ်မျိုး စာပေမျိုးကို စပြီးရွေးချယ်လိုက်ပါ🍀
Tip 2 :Just be regular
ပုံမှန်လေးပဲ ဖတ်ပါ ပုံမှန်ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ တစ်နေ့ကို အနည်းဆုံး 15min ကနေ အများဆုံး 30min ကိုယ်အဆင်ပြေတဲ့အတိုင်းအတာ တစ်ခု ဒါမှမဟုတ် စာမျက်နှာအရေအတွက် တစ်ရက်ကို ဘယ်နှမျက်နှာဖတ်မလဲ သတ်မှတ်ပြီး နေ့တိုင်း အ့အတိုင်းအတာလေးကို ပုံမှန်ဖတ်ပါ
မင်မင့်ဆီကို ရက်လွန်ကြေးမပေးရအောင် ဒီstrategyလေးသုံးလို့ရတယ်နော် စာမျက်နှာအရေအတွက်ကို 7နဲ့စားလိုက် ပြီးရင် တစ်နေ့ကို အ့လောက်သာပြီးအောင်ဖတ်ပစ် အလုပ်ရှုပ်တဲ့သူတွေနဲ့ စာဖတ်အကျင့်မရှိတဲ့သူတွေအတွက် မင်မင်က အကြံပေးတာပါ
သတိထားရမှာက နေ့ရက်တိုင်းကမတူပါဘူး ဒီနေ့မှာ စာဖတ်ချင်နေပေမယ့် နောက်နေ့မှာ ပျင်းရင်ပျင်း အလုပ်ရှုပ်ရင် ရှုပ်နေမှာပါ အဲ့တော့ကျ ကိုယ့်ကိုကိုယ် ဖိအားလေးနည်းနည်းပေးပါ အတိုင်းအတာကိုလည်း ကိုယ်လုပ်နိုင်သလောက်လေးပဲ သတ်မှတ်ပါ ကိုယ့်ကို စိတ်ဖိစီးစေမဲ့လောက်ထိတော့ မလုပ်ပါနဲ့
နေ့တိုင်းမှာ ကိုယ်သတ်မှတ်ထားသလောက်လေးပဲ ပုံမှန်ဖတ်ပါ📖💘
နေ့တိုင်းဆိုတာ ဘယ်နှရက်လဲဆိုတော့ အနည်းဆုံး 21ရက် ပုံမှန်ဖတ်ပါ အလေ့အကျင့်ဆိုတဲ့သဘောက ပုံမှန်ပြုလုပ်ခြင်းကနေ စတာပါ 21ရက်တောင် ပုံမှန်ဖတ်နိုင်တယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ် တစ်ခုခုဆုချလိုက်ပါနော်😗💗
Tip 3 :Explore different tastes
စာပေအမျိုးမျိုးကို မြည်းစမ်းဖတ်ကြည့်ပါ မင်မင်တို့နေတဲ့ ကမ္ဘာကြီးရဲ့ အလှပဆုံးသော အရာတွေထဲက တစ်ခုက မတူကွဲပြားခြင်းပါပဲ မတူကွဲပြားတဲ့ စာပေအမျိုးမျိုးကို အရသာခံကြည့်ပါ
စာအုပ်စာပေတွေဟာ လိုက်မမီအောင်ကျယ်ပြန့်ပါတယ် ကိုယ်လက်လှမ်းမီသလောက်လေး စာအုပ်စာပေတွေဖတ်ရင်းနဲ့ အချိန်တွေကို တန်ဖိုးရှိရှိကုန်ဆုံးပါ စာအုပ်ဖတ်ပြီး ဆင်ခြင်သိလာရသမျှလေးတွေကို ကျင့်သုံးကြည့်ပါ စာအုပ်လေးတွေ ဖတ်လို့ရနေတုန်း ဖတ်ကြပါနော် 💛
အနည်းဆုံး 21ရက် ပုံမှန်စာဖတ်ကြည့်ပါ 21ရက်ပြည့်တဲ့အခါလည်း နောက်ထပ် traget အသစ်ထားပြီး ပုံမှန်စာဖတ်ပါ တဖြည်းဖြည်းနဲ့ ကိုယ်မသိလိုက်ခင်မှာ စာအုပ်လေးတွေက ကိုယ့်နေ့စဥ်ဘဝရဲ့ အစိတ်အပိုင်းလေးဖြစ်လာပြီး မိတ်ဆွေကောင်းလေး ဖြစ်လာမှာပါ
Comments
Post a Comment